Developer Conference 2011_Yangon
Request For Topic
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ ပထမအကြိမ် Developer Conference ကို ၂၀၁၁ ခုနှစ် သြဂုတ်လ (၂၀-၂၁) ရက်များတွင် ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ Developer Conference ကို ကွန်ပျူတာပညာရှင်များအတွင်း IT အသိပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အသိပညာများကိုဖလှယ်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။ “A Better Developer for Developing Better Software” ခေါင်းစဉ်အောက်တွင် အောက်ဖော်ပြပါ အကြောင်းအရာများကို Software Development နှင့် သက်ဆိုင်သော မည်သည့် IT Professional မဆို တက်ရောက်ဆွေးနွေးနိုင်ပါသည်။
v Developer Solution Techniques,
v Development best practices,
v Software testing and quality control processes,
v Software security best practices,
v Latest Technical trends,
v Software industry Challenges,
v Skill standards for Software industry,
v And Special Sessions on key factors that are influencing the Myanmar Software Industry.
Developer Conference တွင် မိမိတက်ရောက်နားထောင်လိုသော ခေါင်းစဉ်ကို Request for Topic Form တွင်ဖြည့်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသို့ ပေးပို့နိုင်ပါသည်။ Developer Conference နှင့် ပတ်သက်၍ Call for Paper ကို www.mcpamyanmar.org တွင် ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အဆောင်(၄)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀၊ office@mcpamyanmar.org သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။